နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

(၁၂-၇-၂၀၂၆၊ ဗန်ကောက်)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့နှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် တွေ့ဆုံ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

*******

Union Minister for Foreign Affairs of Myanmar Meets with Deputy Prime Minister and Minister of Foreign Affairs of Thailand

(12 July 2026, Bangkok)

U Tin Maung Swe, Union Minister for Foreign Affairs, who is currently in Bangkok, Thailand, to attend the Informal ASEAN Foreign Ministers’ Meeting, met with Mr. Sihasak Phuangketkeow, Deputy Prime Minister and Minister of Foreign Affairs of Thailand, on 11 July 2026 and exchanged views on enhancing bilateral relations and cooperation between Myanmar and Thailand, as well as strengthening cooperation within ASEAN.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).