နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အား လက်ခံတွေ့ဆုံ

(၄-၅-၂၀၂၆၊ နိုင်ငံခြားရေးဝန်ကြီးဌာန)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၄-၅-၂၀၂၆ ရက်၊ ၁၇:၃၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့ သည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေးနှင့် ကဏ္ဍစုံတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအတွက် ပိုမိုအားကောင်းခိုင်မာလာစေရန် တို့နှင့် စပ်လျဉ်း၍ အမြင် ချင်း ဖလှယ်ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

***************

Union Minister for Foreign Affairs receives Ambassador of India to Myanmar

(4-5-2026, Ministry of Foreign Affairs)

U Tin Maung Swe, Union Minister for Foreign Affairs received Mr. Abhay Thakur, Ambassador of the Republic of India to the Republic of the Union of Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 17:30 p.m on 4 May 2026.
During the meeting, they exchanged views on matters pertaining to the further promotion of bilateral relations and strengthening shared interests for mutual cooperation in various sectors between the two countries.
Also present at the meeting were respective officials of the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).