နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ
(၁၉-၃-၂၀၂၆ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ မကြာမီ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် Ms. Noriko Takagi အနေဖြင့် ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် UNHCR တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် UNHCR မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
*******************
U Ko Ko Kyaw, Deputy Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar
(19-3-2026, Nay Pyi Taw)
U Ko Ko Kyaw, Deputy Minister for Foreign Affairs received Ms. Noriko Takagi, UNHCR Representative in Myanmar who has completed her assignment and will soon depart from Myanmar, at 1100 hrs on 19 March 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to cooperation between Myanmar and UNHCR during the term of Ms. Noriko Takagi in Myanmar as well as further activities of the UNHCR.
Also present at the meeting were respective officials of the Ministry of Foreign Affairs.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
