နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၅ ခုနှစ်) ထုတ်ဝေခြင်းအခမ်းအနားနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားကျင်းပ
(၂၃-၂-၂၀၂၆ရက်၊ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၅ ခုနှစ်) ထုတ်ဝေခြင်းအခမ်းအနားကို ၂၀-၂-၂၀၂၆ ရက်၊ နံနက် ၁၀:၃၀နာရီအချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်)၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယ ဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၅ ခုနှစ်)ထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၅ ခုနှစ်)သည် (၂၇)ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန် ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံ တကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားရှိပါသည်။
******************
MOFA publishes Thar Kaung Taman Annual Magazine (2025)
(23-2-2026, Yangon)
The Ministry of Foreign Affairs held a launching ceremony of Thar Kaung Taman Annual Magazine (2025) at the Ministry of Foreign Affairs at 10:30 am on 20 February 2026 in Yangon.
Union Minister for Foreign Affairs U Than Swe, Deputy Minister U Ko Ko Kyaw and officials of the Ministry of Foreign Affairs, as well as members of the Annual Magazine Publication Committee, authors, advertisers, and guests were present at the ceremony followed by a lunch hosted by the Union Minister.
The Ministry of Foreign Affairs has published Thar Kaung Taman Annual Magazine since 1997, and the Thar Kaung Taman Annual Magazine (2025) is the 27th edition of the Ministry of Foreign Affairs. The Annual Magazine highlighted the official functions of the Ministry, and featured various experiences and knowledge of seasoned diplomats, senior and junior diplomats from the Ministry as well as external authors in both Myanmar and English Languages.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
