နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ သီးသန့်အစည်းအဝေးကျင်းပပြုလုပ်
(၁၈-၂-၂၀၂၆ရက်၊ ဖူးခက်)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံသီးသန့်အစည်းအဝေးကို ၁၈-၂-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းစေရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးစသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စများအပါအဝင် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍ တိုးမြှင့်နိုင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည့် တရားမဝင်လုပ်ငန်းများတိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေးတို့တွင် ပိုမိုအရှိန်မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
*******************
Myanmar delegation led by Union Minister for Foreign Affairs U Than Swe holds retreat meeting with delegation led by Thai Foreign Minister Mr. Sihasak Phuangketkeow
(18-2- 2026, Phuket)
At the invitation of the Minister of Foreign Affairs of Thailand, Mr. Sihasak Phuangketkeow, a Myanmar delegation led by U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, currently on an official visit to Phuket, Thailand, held a retreat meeting with the Thai delegation led by the Minister of Foreign Affairs on 18 February 2026.
During the meeting, both sides cordially exchanged views on further strengthening the existing ties of friendship and cooperation between Myanmar and Thailand. The two Ministers discussed ways to enhance multi-sectoral cooperation, including trade, investment, education, and public health. They also deliberated on promoting people-to-people connectivity, including matters related to Myanmar migrant workers in Thailand.
Furthermore, both sides discussed intensifying collaboration between the two countries, particularly in jointly combating of transnational crimes to enhance border security and stability, including illegal cross-border trade, online scams, human trafficking, and drug trafficking as well as strengthening cooperation in regional and international fora.
Following the meeting, the Union Minister and delegation attended a working dinner hosted by the Thai Minister of Foreign Affairs, it is reported.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
