နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(နေပြည်တော်၊ ၅-၃-၂၀၂၆ ရက်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ မာဇီယဒ် မိုဟာမက် မာဇီယဒ် အယ်လ်ဟိုဝီရှန်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေး၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ အရှေ့အလယ်ပိုင်းဒေသတွင်း လက်ရှိအခြေအနေနှင့် နှစ်နိုင်ငံ အဆင့်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ပါသည်။

******************

Union Minister for Foreign Affairs receives Ambassador of Saudi Arabia to Myanmar

(5-3-2026, Nay Pyi Taw)

Union Minister for Foreign Affairs U Than Swe received Ambassador of Saudi Arabia to Myanmar, with residence in Yangon, Mr. Maziad Mohammed Maziad Alhowishan, at the Ministry of Foreign Affairs in Nay Pyi Taw on 5 March 2026 at 1330 hrs.

The Union Minister congratulated the Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of the Kingdom of Saudi Arabia to Myanmar. They cordially exchanged views on matters pertaining to further cooperation between the two foreign ministries for strengthening bilateral relations, cooperation on energy, investment and other potential areas, as well as the current situation in the Middle East. They also discussed cooperation at the bilateral and international levels.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).