နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
(၅-၃-၂၀၂၆ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကို စီယာအား ၅-၃-၂၀၂၆ ရက် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နီကာရာဂွါသံအမတ်ကြီးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး မြှင့်တင် နိုင်ရေးအတွက် နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများအပြန်အလှန် ဖွင့်လှစ်နိုင်ရေးအပါအဝင် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော ခရီးသွား၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေ များနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
******************
Union Minister for Foreign Affairs receives Nicaraguan Ambassador to Myanmar
(5-3-2026,Nay Pyi Taw)
H.E. U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Segundo Martin Calero Escorcia, Ambassador Extraordinary and Plenipotentiary of the Republic of Nicaragua to the Republic of the Union of Myanmar, at 14:30 hrs on 5-3-2026 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, the Union Minister congratulated the Nicaraguan Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of the Republic of Nicaragua to the Republic of the Union of Myanmar. They cordially exchanged views on matters relating to the enhancement of existing bilateral relations between the two countries, including the reciprocal opening of embassies, the expansion of potential, mutually beneficial cooperation in tourism, agriculture, trade, and technology, as well as closer collaboration in international arenas.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
