နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
(၂၇-၂-၂၀၂၆ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် လာအို-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ Mr. Chanthavong SENEAMATMONTRY (မစ္စတာ ချန်သာဝွန် ဆန်အာမမွန်းတီ) {လာအိုအမျိုးသားလွှတ်တော် ပြင်ပဆက်ဆံရေးဌာန၊ ဒုတိယဥက္ကဋ္ဌ} ဦးဆောင်သော ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များအား ၂၇-၂-၂၀၂၆ ရက်(သောကြာနေ့)၊ နံနက် ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်၊ သာသနာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အလုပ်သမားရေးရာစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံမှုမြှင့်တင်သွား ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် နှစ်ဖက်ချစ်ကြည်ရေးအသင်းတို့မှ အဖွဲ့ဝင်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
**********
Union Minister for Foreign Affairs of the Republic of the Union of Myanmar receives President of the Lao-Myanmar Friendship Association
(27-2-2026,Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chanthavong SENEAMATMONTRY, President of the Lao-Myanmar Friendship Association (Vice Chairman of Foreign Affairs Committee, National Assembly of Lao PDR) and members, at the Ministry of Foreign Affairs in Nay Pyi Taw on 27 February 2026 at 1100 hrs.
During the courtesy call, they discussed matters pertaining to the enhancement of bilateral relations and cooperation in the sectors of trade, investment, electricity, religious affairs, culture, tourism, labour affairs and promotion of people-to-people contacts. Officials from the Ministry of Foreign Affairs, Ambassador of Lao PDR to Myanmar, Chairman of the Myanmar-Lao Friendship Association and members from both friendship associations were also present.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
