နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံတမန်သင်တန်းကျောင်း အဆောက်အအုံ တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်

(၂၅-၂-၂၀၂၆ ခုနှစ်ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၅-၂-၂၀၂၆ ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၈)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံတမန်သင်တန်းကျောင်း အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်၊ ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် Mother Development Co. Ltd မှ တာဝန်ရှိသူတို့က သက်မှတ်နေရာ အသီးသီးတွင် ပန္နက်တိုင်များ စိုက်ထူပေးခဲ့ကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။

အဆိုပါ မြန်မာသံတမန်သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်သံတမန်များအဖြစ် စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးနိုင်မည်ဖြစ်ကာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ အပါအဝင် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကဏ္ဍများကို စိတ်ပါဝင်စားသူများအား အသိ ပညာ မျှဝေခြင်းတို့အတွက် သင်တန်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

********************

Union Minister for Foreign Affairs attends groundbreaking ceremony for the construction of Myanmar Diplomatic Academy

(25-2-2026, Nay Pyi Taw)

H.E. U Than Swe, Union Minister for Foreign Affairs attended the groundbreaking ceremony for the construction of Myanmar Diplomatic Academy, held at 08:00 hrs on 25th February 2026 at the compound of the Ministry of Foreign Affairs, Nay Pyi Taw.
Also present at the ceremony were H.E. U Ko Ko Kyaw and H.E. U Naing Min Kyaw, Deputy Ministers for Foreign Affairs, Permanent Secretary, Directors-General, representatives of Mother Development Co., Ltd., undertaking the construction of the Academy and the respective officials from the Ministry.

At the ceremony, the Union Minister, the Deputy Ministers and a representative of Mother Development Co., Ltd laid stakes at the designated places and sprinkled scented water on them.

Upon the completion, the Ministry will expand its training and educational programs to systematically develop foreign service personnel into highly qualified, next-generation diplomats, while also sharing knowledge on international and diplomatic affairs with interested individuals, including staff from various government organizations and ministries.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).