နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ က ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်အား ဂါရဝပြုတွေ့ဆုံ

(၂၇-၁-၂၀၂၆၊ နေပြည်တော်)

ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် ဝန်ကြီးချုပ်ရုံး၌ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မိုဟာမက် ရှီဘက် ရှာရစ်ဖ် အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတို့အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာစာမျက်နှာများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Union Minister for Foreign Affairs pays Courtesy Call on Prime Minister of Pakistan

( 27-1-2026,Nay Pyi Taw )

The Myanmar delegation, led by Union Minister for Foreign Affairs U Than Swe paid a courtesy call on Prime Minister of Pakistan, Mr. Mohammad Shehbaz Sharif, at the Prime Minister’s Office at 10:00 a.m. on 27 January 2026, during the official visit to Pakistan, at the invitation of Deputy Prime Minister and Minister for Foreign Affairs of Pakistan, Mr. Mohammad Ishaq Dar.

At the meeting, both sides discussed enhancing Myanmar-Pakistan relations, expanding multi-sectoral cooperation, and promoting collaboration in mutually beneficial areas such as economy, trade, agriculture and livestock, energy, tourism, and culture. They also exchanged views on strengthening cooperation between the two countries at regional and international levels, including within ASEAN.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).