နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆောက်လုပ်လှူဒါန်းသော ရတနာမှန်ကျောင်း နှစ်ထပ်ဆောင် ရေစက်ချလှူဒါန်းပွဲကျင်းပ

(၇-၂-၂၀၂၆ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆောက်လုပ်လှူဒါန်းသော ရတနာမှန်ကျောင်း နှစ်ထပ်ဆောင် ရေစက်ချလှူဒါန်းပွဲကို ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်း၌ ၇-၂-၂၀၂၆ ရက် (စနေနေ့) နံနက် (၈) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရှေးဦးစွာ ရတနာမှန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်ပစေတနာရှင်များ ၏ စုပေါင်းလှူဒါန်းငွေဖြင့် ရတနာမှန်ကျောင်း (၂)ထပ် ကျောင်းဆောင်သစ် လှူဒါန်းခြင်းအတွက် ဝမ်းမြောက်ကြောင်း အနုမောဒနာတရား မြွက်ကြားပြီး ကျောင်းဆောင်သစ် လှူဒါန်းခြင်းအတွက် ရေစက်သွန်းချ အမျှဝေကြကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ ပါသည်။

အဆိုပါ ရတနာမှန်ကျောင်း နှစ်ထပ်ဆောင်လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသော အကြီးအကဲများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ ဝန်ထမ်းများနှင့်ဇနီးများ တက်ရောက် ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).