နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၁၅-၈-၂၀၂၅၊ နေပြည်တော်)
(၁၅-၈-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား ယနေ့ နံနက် ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသ တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။
Deputy Minister for Foreign Affairs receives Ambassador of Thailand to Myanmar
(15-8-2025, Nay Pyi Taw)
Deputy Minister for Foreign Affairs U Naing Min Kyaw received H.E. Mr. Mongkol Visitstump, Ambassador of Thailand to Myanmar, today at 11:30 am at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, both sides exchanged views on further strengthening the existing bilateral ties and collaboration across various sectors in areas of mutual interest, cooperation along the border. They also discussed ways and means to enhance bilateral cooperation in trade sector.
Also present at the meeting were senior officials from the Ministry of Foreign Affairs.
Ministry of Foreign Affairs,
Dated, 15 August 2025.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
