နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၃၀-၉-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၃၀-၉-၂၀၂၅ ရက်၊ နံနက် ၉:၄၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ကာတာနိုင်ငံမှ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Union Minister for Foreign Affairs receives the delegation led by Former Deputy Prime Minister and Minister of State for Defense Affairs of the State of Qatar

(30-9-2025, Nay Pyi Taw)

Union Minister for Foreign Affairs of the Republic of the Union of Myanmar, U Than Swe received the delegation led by Dr. Khalid Bin Mohammed AI Attiyah, Former Deputy Prime Minister and Minister of State for Defense Affairs of the State of Qatar on 30 September 2025 at 9:45 hrs at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, they discussed potential areas for cooperation in Myanmar’s agriculture, healthcare, technology, energy and mining sectors as well as investment opportunities in Myanmar for Qatari companies.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).