နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ သီရီလင်္ကာ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၇-၁၂-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က မြန်မာနိုင်ငံဆိုင်ရာ သီရီလင်္ကာ ဆိုရှယ်လစ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကောင်စစ် ရေးရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Deputy Minister for Foreign Affairs receives Ambassador of Sri Lanka to Myanmar

(17-12-2025, Nay Pyi Taw)

H.E U Naing Min Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Ms. Prabashini Ponnamperuma, Ambassador Extraordinary and Plenipotentiary of the Democratic Socialist Republic of Sri Lanka to the Republic of the Union of Myanmar, at 1000 hrs on 17 December 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially exchanged views on matters pertaining to the further advancement of the existing friendly bilateral relations and mutually beneficial cooperation in various areas, including consular matters between the two countries.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).