နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

(နေပြည်တော်၊ ၁၆-၁၂-၂၀၂၅ ရက်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး ဟာဂျီ မိုဟာမက် ဆာရစ် ပူဒင် ဘင် မက်ဆရူဒင် အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူး အာဏာကုန်လွှဲအပ် ခြင်းခံရသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာစေရေးကိစ္စများ၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် အလုပ်သမားကဏ္ဍ အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

*********************

Union Minister for Foreign Affairs receives Ambassador of Brunei to Myanmar

(16-12-2025, Nay Pyi Taw)

Union Minister for Foreign Affairs U Than Swe received Ambassador of Brunei Darussalam to Myanmar Haji Mohamad Sarif Pudin bin Matserudin, at the Ministry of Foreign Affairs in Nay Pyi Taw on 16 December 2025 at 1330 hrs.
During the courtesy call, the Union Minister congratulated the Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of Brunei Darussalam to Myanmar. They discussed matters relating to further strengthening cooperation between the two Foreign Ministries, enhancing relations between Myanmar and Brunei, and promoting mutually beneficial cooperation in various sectors, particularly, agriculture, trade, investment and labour.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).