နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တာဝန်ပြီးဆုံး၍ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူလာ အယ်လ် စုဘိုင် ကို လက်ခံတွေ့ဆုံ

(၁၁-၁၂-၂၀၂၅ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူလာ အယ်လ် စုဘိုင် အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြားရှိ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

*******************

Union Minister for Foreign Affairs U Than Swe received a farewell call by Mr. Saud bin Abdullah Al Subaie, Ambassador of Saudi Arabia

(11-12-2025,Nay Pyi Taw)

Union Minister for Foreign Affairs U Than Swe received a farewell call by Mr. Saud bin Abdullah Al Subaie, Ambassador of Saudi Arabia at the Ministry of Foreign Affairs in Nay Pyi Taw on 11 December 2025, at 1530 hrs.
During the farewell call, they reviewed the existing friendly relations between Myanmar and Saudi Arabia, discussed ways to enhance cooperation between the two foreign ministries, possible areas and opportunities for economic and investment cooperation between the two countries.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).