နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ သော် ဆရလမ် အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ သော်ဆရလမ် အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားပြီး၊ နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက် သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့်ယန္တရားများ ပြန်လည်စတင်ရေး၊ နှစ်နိုင်ငံနယ်စပ်များ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

*********

Union Minister for Foreign Affairs receives Ambassador of Thailand to Myanmar
U Tin Maung Swe, Union Minister for Foreign Affairs received Mr. Tor SARALAMBA, Ambassador of the Kingdom of Thailand to the Republic of the Union of Myanmar, at 1500hrs on 28 August 2026, at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, the Union Minister congratulated the Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of the Kingdom of Thailand. They cordially exchanged views on accelerating the implementation of mutually beneficial cooperation as agreed upon during the President’s official visit to the Kingdom of Thailand, further strengthening the longstanding friendship and close relations between the two countries and peoples, resuming established bilateral mechanisms, enhancing close cooperation to maintain peace and stability along the shared border, and fostering closer cooperation in regional and international arenas, including ASEAN.

Ministry of Foreign Affairs
Nay Pyi Taw
28 August 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).