နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း (Advancing National Interests through Foreign Policy) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

(၂၇-၂-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနက “နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုး စီးပွားကိုဖော်ဆောင်ခြင်း”(Advancing National Interests through Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် (သောကြာနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ယခု ဆွေးနွေးပွဲကို လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးများ၊ ဝါရင့် သံတမန် ကြီးများ၊ ပါမောက္ခပညာရှင်များထံမှ အတွေ့အကြုံများမျှဝေပေးခြင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ သုတေသနပြုမှုအလေ့အထနှင့် တွေးခေါ်မှုများ တိုးတက်စေရန် နှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်ရာတွင် မှန်ကန်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန သာမက ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးသည်လည်း အထူးအရေးကြီးပါကြောင်း၊ ယခု ကျင်းပသည့် ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကာကွယ်မြှင့်တင် ရေးအတွက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို လေ့လာသုံးသပ်၍ စိန်ခေါ်မှု များကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန်သည့် အကြံပြုချက် များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း များအနေဖြင့် မျက်မှောက်ခေတ်ပထဝီနိုင်ငံရေးအခင်းအကျင်းများ၊ နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ပြောင်းလဲလာသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်း ပကတိအခြေအနေများ၊ လက်ရှိ ကြုံတွေ့နေ ရသည့် စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများကို ပိုမိုသိရှိနားလည်စေရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်းသိရှိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် အမျိုးသားအကျိုးစီးပွားနှင့် ပထဝီ နိုင်ငံရေးဆက်နွယ်မှု၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လေ့လာဆန်းစစ်မှု၊ နိုင်ငံတကာဆက်ဆံရေးတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ လက်ရှိအမျိုးသားအကျိုးစီးပွားဆိုင်ရာ ဦးစားပေးမှုများတို့ကို ညွှန်ကြားရေးမှူးချုပ် များနှင့်ပါမောက္ခ ပညာရှင်များက ဆွေးနွေးခဲ့ပါသည်။

ဒုတိယပိုင်းတွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်မြှင့်တင် ရေးနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်ခဲ့သော ဝါရင့်သံအမတ်ကြီးများက နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများအား သံခင်း တမန်ခင်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အုပ်စုများခွဲကာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

*************

A Workshop on “Advancing National interests through Foreign Policy” held at the Ministry of Foreign Affairs

(27-2-2026, Nay Pyi Taw)

The Political Department of the Ministry of Foreign Affairs held a workshop titled “Advancing National Interests through Foreign Policy” at the Lawkanat Hall of the Ministry of Foreign Affairs on 27 February 2026.

The workshop was attended by the Union Minister, Deputy Ministers, the Permanent Secretary, Ambassadors, and Directors-General and officers from the Ministry of Foreign Affairs, as well as senior officials from other related Ministries.

Union Minister U Than Swe delivered the opening address at the workshop. He explained that the purpose of the workshop was to enhance capacity, research practice, and analytical skill of the Ministry’s staff members by learning the experiences of Senior Officials of the Ministry, Ambassadors, and academic professors, as well as to ensure the effective implementation of the national interests of the country. He stated that it is imperative to establish and implement strategies when implementing the nation’s foreign policy. He underscored the importance of effective coordination between the Ministry of Foreign Affairs and related Ministries. The Union Minister expressed his conviction that the workshop would generate sound recommendations by analyzing the challenges and opportunities in protecting and promoting the national interests of Myanmar, ultimately aiming to transform those challenges into opportunities.

The workshop was organized to enable officials from the Ministry of Foreign Affairs and related Ministries to gain a deeper understanding of contemporary geopolitical lanscapes, regional and international developments evolving alongside rapid technological advancements, the domestic realities, as well as the current challenges and opportunities of the country. It also aimed to identify effective measures to protect and promote Myanmar’s national interests in the international context.

In the first session of the workshop, senior officials and academic professors discussed several key topics including the relationship between national interests and geopolitics, Foreign policy analysis, the role of mass media in the international relations and current national interest priorities.

In the second session, Ambassadors shared their practical diplomatic experiences with the staff members of the Ministry of Foreign Affairs on protecting and promoting Myanmar’s national interests in bilateral, regional and international fora. Following this, attendees participated in group discussions categorized by their respective topics.

After that, Deputy Minister U Ko Ko Kyaw delivered the closing remarks and the workshop was concluded.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).