ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာ ဘယ်ဗြောင်ဆူ အား ၂၄-၉-၂၀၂၆ ရက်၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်။

**********

Deputy Minister U Ko Ko Kyaw receives Chargé d’Affaires of the Embassy of the Republic of Korea

U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Bae Byeongsoo, Chargé d’Affaires of the Embassy of the Republic of Korea in Yangon, at the Ministry of Foreign Affairs in Nay Pyi Taw on 24 September 2026 at 1400 hours.
During the meeting, they cordially exchanged views on promoting the existing friendly relations and cooperation between Myanmar and the Republic of Korea.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 24 September 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).