ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၉-၇-၂၀၂၅၊ နေပြည်တော်)
(၂၉-၇-၂၀၂၅၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါ အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ အထူးသဖြင့် ယဉ်ကျေးမှု၊ စွမ်းရည်မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာစေရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
Deputy Prime Minister and Union Minister for Foreign Affairs receives Ambassador of Pakistan
(29-7-2025, Nay Pyi Taw)
Deputy Prime Minister and Union Minister for Foreign Affairs H.E. U Than Swe received Ambassador of Pakistan to Myanmar H.E. Mr. Imran Haider, who is leaving Myanmar after completion of his tour of duty, at the Ministry of Foreign Affairs in Nay Pyi Taw in the evening of 29 July 2025.
During the farewell call, they reviewed the existing friendly relations between Myanmar and Pakistan and exchanged views on further strengthening cooperation in the areas of mutual interests including culture, capacity building and tourism
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
