ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န)ဝါ ဟူစိန်ကို လက်ခံတွေ့ဆုံ

(၂၁-၇-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န)ဝါ ဟူစိန်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်၊ ၁၇၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုခိုင်မာစေမည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

***********************

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe receives Ambassador of Bangladesh to Myanmar

(21-7-2025, Nay Pyi Taw)

Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar U Than Swe received Ambassador Extraordinary and Plenipotentiary of the People’s Republic of Bangladesh to the Republic of the Union of Myanmar, H.E. Dr. Md. Monwar Hossain, at the Ministry of Foreign Affairs in Nay Pyi Taw at 1700 hrs on 21 July 2025.
During the discussion, they exchanged views on the ways and means to strengthen existing bilateral relations and cooperation on matters of mutual interests.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).