ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲMr. Daihei Mochizuki က ခန့်အပ်လွှာ လာရောက်ပေးအပ်

(၈-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Daihei Mochizuki က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ ၁၀၀၀ နာရီတွင် လာရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ခန့်အပ်လွှာပေးအပ်သည့်အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

**********************************

Mr. Daihei Mochizuki, Chief of Mission of International Organization for Migration in Myanmar presents his letter of Accreditation to U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs

(8-10-2024, Nay Pyi Taw)

Mr. Daihei Mochizuki, Chief of Mission of International Organization for Migration (IOM) in Myanmar, presented his letter of Accreditation to U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs, at the Ministry of Foreign Affairs in Nay Pyi Taw on 8 October 2024 at 1000 hours.
Also present at the call were the senior officials from the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).