ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က INGO အဖွဲ့ဖြစ်သည့် Humedica နှင့် International Medical Corps တို့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

(၇-၄-၂၀၂၅ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Humedica နှင့် International Medical Corps တို့မှ ကိုယ်စားလှယ်များအား ၇-၄-၂၀၂၅ ရက်၊ ၁၅၀၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အဆိုပါအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအား ကျန်းမာရေးအထောက်အကူဆိုင်ရာ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

****************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar receives representatives from Humedica and International Medical Corps

(7-4-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received the representatives from Humedica and International Medical Corps, INGOs at 1500 hrs on 7 April 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed matters related to supporting the people affected by the earthquake in Myanmar, particularly in the area of medical services.
Also present at the meeting were Senior Officials from the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).