ထိုင်း-ကနေဒါ ဆက်ဆံရေးဆိုင်ရာ အထူးနေ့လယ်စာ စကားဝိုင်းသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်
(၁၈-၉-၂၀၂၆၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Darm Boontham ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသော “မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ဒေသတွင်းဝါဒနှင့် ကမ္ဘာ့အခင်းအကျင်း ပြန်လည် ပြောင်းလဲဖွဲ့စည်းလာမှုများ − ထိုင်း-ကနေဒါ ဆက်ဆံရေး၏ နောက်တစ်ဆင့်ကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးနေ့လယ်စာ စကားဝိုင်းသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကနေဒါနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Vijavat Isarabhakdi က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဒုတိယဝန်ကြီး Weldon Epp နှင့် အဆင့်မြင့်အရာရှိကြီး များ၊ အာဆီယံ ကော်မတီ (အော်တာဝါ) မှ သံရုံးအကြီးအမှူးများနှင့် ဖိတ်ကြားထားသည့် နိုင်ငံရေး ကျွမ်းကျင်ပညာရှင်များက ထိုင်း-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေး၊ ကနေဒါ- အာဆီယံဆက်ဆံရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာမှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
************
Chargé d’Affaires/ Ambassador of the Embassy of Myanmar in Canada Attends Special Lunch Talk on Thailand–Canada Relations
(18-9-2026, Ottawa)
Chargé d’Affaires/ Ambassador of the Embassy of Myanmar in Canada, U Zaw Tun Oo, attended a Special Lunch Talk entitled “Strategic Autonomy, Regionalism, and Global Re-alignment: Shaping the Next Chapter of Thailand–Canada Relations”, held at the residence of the Ambassador of Thailand to Canada at 1100 hours on 11 September 2026, at the invitation of H.E. Darm Boontham, Ambassador of Thailand to Canada.
The event was led by H.E. Vijavat Isarabhakdi, Vice Minister for Foreign Affairs of Thailand, who was visiting Canada. Senior officials from Global Affairs Canada, including Assistant Deputy Minister Weldon Epp, Heads of ASEAN Missions in Ottawa, and invited political experts exchanged views on Thailand–Canada bilateral relations, Canada–ASEAN relations, regional cooperation, and the evolving global political landscape.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
