ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာရှပစိဖိတ်ဒေသအုပ်စုသံအဖွဲ့ညစာစားပွဲသို့တက်ရောက်

(၁၉-၃-၂၀၂၆ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံရှိ အာရှပစိဖိတ်ဒေသအုပ်စု သံအဖွဲ့ နာယကဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Kanji Yamanouchi ၏ ဖိတ်ကြားမှုအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် (ကြာသပတေးနေ့) (၁၉:၀၀) နာရီတွင် ဂျပန်သံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်သော အာရှ ပစိဖိတ်ဒေသအုပ်စု သံအဖွဲ့ညစာစားပွဲအခမ်းအနားသို့ အာရှပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီး အကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

ညစာစားပွဲအခမ်းအနားတွင် အာရှပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအကဲများက အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများနှင့် ပဋိပက္ခများအပေါ် စိုးရိမ်ပူပန်မှုများ ထုတ်ဖော် ခဲ့ကြကာ တင်းမာမှုလျှော့ချရေး၊ အင်အားအသုံးပြုမှု ရှောင်ကြဉ်ရေးနှင့် ပြည်သူများ ကာကွယ်ရေးတို့၏ အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ကြပါကြောင်း၊ ထို့ပြင် ပြဿနာများကို ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုများနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေး ဖော်ပြခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပြီး ပဋိပက္ခများကို ငြိမ်းချမ်းသော ဆွေးနွေးမှုများနှင့် သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး အခြေခံသဘောတရားများနှင့် ကိုက်ညီစွာ ဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့် တရားဝင်သဘောထားရပ်တည်ချက် ထုတ်ပြန်ခဲ့ကြောင်းကို အသိပေး ပြောကြားခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများကို အကျဉ်းချုပ်ဖော်ပြခဲ့ပြီး ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီး အသစ်ဖွဲ့စည်းထားသော လွှတ်တော်ကို စတင်ခေါ်ယူကျင်းပလျက်ရှိကာ ဒီမိုကရေစီအစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

**********************************

Chargé d’Affaires a.i./ Ambassador of the Embassy of Myanmar in Canada Attends Asia-Pacific Diplomatic Group Dinner

(19-3- 2026, Ottawa)

Chargé d’Affaires a.i./Ambassador of the Embassy of the Republic of the Union of Myanmar in Canada, U Zaw Tun Oo, attended the Asia-Pacific Diplomatic Group Dinner hosted by H.E. Mr. Kanji Yamanouchi, Ambassador of Japan to Canada and Dean of the Asia-Pacific Diplomatic Group, at the Japanese Ambassador’s Residence on Thursday, 19 March 2026, at 7:00 p.m., together with Heads of Missions from Asia-Pacific countries.

During the dinner, Heads of Mission exchanged views on cooperation in the Asia-Pacific region and related matters. They expressed concerns over the rising tensions and ongoing conflicts in the Middle East, underscoring the importance of de-escalation, restraint from the use of force, and the protection of civilians. They also emphasized the need to resolve disputes through peaceful dialogue and diplomatic means.

Chargé d’Affaires a.i./Ambassador of the Embassy of the Republic of the Union of Myanmar in Canada, U Zaw Tun Oo expressed Myanmar’s concern regarding the situation in the Middle East and highlighted that conflicts should be resolved through peaceful dialogue and diplomatic channels, in line with the principles of peaceful coexistence. He further provided a brief overview of the current political developments in Myanmar, noting that elections have been successfully completed and that the newly formed Parliament has commenced its sessions, with ongoing efforts toward the formation of a new democratic government.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).