ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါ–အာဆီယံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်
(၁၆-၁၀-၂၀၂၆၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ ၁၃၀၀ နာရီတွင် အော်တာဝါတက္ကသိုလ်၊ Telfer School of Management ၌ ကျင်းပပြုလုပ်သော “Building Canada–ASEAN Economic Resilience and Accelerating Market Penetration” ခေါင်းစဉ်ဖြင့် ကနေဒါ–အာဆီယံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို Canada–ASEAN Initiatives၊ Asia Pacific Foundation of Canada၊ အာဆီယံကော်မတီ (အော်တာဝါ) နှင့် York Centre for Asian Research တို့က ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ သံတမန်အသိုက်အဝန်း၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံကော်မတီ (အော်တာဝါ)၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Muhsin Syihab က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် အထက်လွှတ်တော်အမတ် Senator Clément Gignac က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ကနေဒါ–အာဆီယံ ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်ရေး၊ ကနေဒါ–အာဆီယံ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအပြင် စီးပွားရေး ခံနိုင်ရည်ရှိမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသနှင့် အခြားဒေသများ၏ စီးပွားရေးအလားအလာများကို သုံးသပ်ဆွေးနွေးသည့် သံအမတ်ကြီးများ၏ အဖွဲ့လိုက်ဆွေးနွေးပွဲ အပါအဝင် ကျွမ်းကျင်သူများ၏ ဆွေးနွေးမှုများနှင့် အလွတ်သဘော အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပါဝင်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသည် ကနေဒါနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်၊ ဒေသတွင်းစီးပွားရေး အခြေအနေများကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန် အထောက်အကူပြုသည့် အခွင့်အလမ်း တစ်ရပ် ဖြစ်ခဲ့ပါသည်။
*************
Chargé d’Affaires/ Ambassador of the Embassy of Myanmar in Canada Attends Canada–ASEAN Economic Symposium
(16-10-2026, Ottawa)
Chargé d’Affaires/ Ambassador of the Embassy of Myanmar in Canada, U Zaw Tun Oo, attended the symposium entitled “Building Canada–ASEAN Economic Resilience and Accelerating Market Penetration” at 1300 hrs on 13 October 2026 at the Telfer School of Management, University of Ottawa.
The symposium was jointly organized by Canada–ASEAN Initiatives, the Asia Pacific Foundation of Canada, the ASEAN Committee in Ottawa, and the York Centre for Asian Research. It was attended by representatives from government agencies, the diplomatic community, the business sector, and academia. H.E. Muhsin Syihab, Ambassador of Indonesia to Canada and current Chair of the ASEAN Committee in Ottawa, delivered the opening remarks, while Senator Clément Gignac attended as the Chief Guest and delivered the keynote address.
The discussions covered a range of issues, including enhancing Canada–ASEAN market access, negotiations on the Canada–ASEAN Free Trade Agreement, regional economic cooperation, trade and investment opportunities, and strengthening economic resilience. The programme also featured keynote speeches, expert panel discussions, informal exchanges of views, and an Ambassadors’ Panel examining economic prospects in Southeast Asia and other regions. The symposium provided a valuable opportunity to strengthen economic relations between Canada and ASEAN Member States, deepen understanding of regional economic developments, and explore future opportunities for cooperation.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
