ကနေဒါနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

(၂၉-၄-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် စင်ကာပူနိုင်ငံအခြေစိုက် ကနေဒါနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Sam Tan က ကနေဒါနိုင်ငံသို့ ခရီးစဉ် ရောက်ရှိစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၂၀၀ နာရီတွင် အော်တာဝါမြို့ရှိ Beckta Dining and Wine Bar ၌ အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ သံရုံးအကြီးအကဲများအား တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် စင်ကာပူသံအမတ်ကြီး H.E. Mr. Sam Tan က ကနေဒါ-စင်ကာပူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍစုံအလိုက် ဆွေးနွေးပြော ကြားခဲ့ပြီး၊ အထူးသဖြင့် သန့်ရှင်းသောစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နျူကလီးယား စွမ်းအင်ကဏ္ဍတွင်လည်း နှစ်နိုင်ငံအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအပေါ် အလေးပေး ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်လာသော သံရုံးအကြီးအကဲများသည် အာဆီယံ-ကနေဒါ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးကြံခိုင်မှု စွမ်းအားတိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ၊ ကနေဒါနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*************************************

Chargé d’Affaires a.i./Ambassador of the Embassy of Myanmar to Canada Attends the Working Luncheon Hosted by the High Commissioner of Singapore to Canada

(29-4-2026, Ottawa)

Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to Canada, U Zaw Tun Oo, attended the ASEAN Committee in Ottawa (ACO) Heads of Missions Working Luncheon hosted by H.E. Mr. Sam Tan, Non-Resident High Commissioner of Singapore to Canada, during his visit to Canada. The luncheon was held on Wednesday, 29 April 2026 at 12:00 hrs at Beckta Dining and Wine Bar in Ottawa.
During the luncheon, H.E. Mr. Sam Tan discussed cooperation between Canada and Singapore across various sectors, particularly on clean energy, renewable energy, and future cooperation in the nuclear energy sector. Heads of Missions also exchanged views on the progress of the ASEAN–Canada Strategic Partnership, ongoing efforts toward the conclusion of the ASEAN–Canada Free Trade Agreement, opportunities to further strengthen ASEAN–Canada relations and trade resilience, as well as recent developments in relations between Canada and ASEAN Member States.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).