The Government of the Republic of the Union of Myanmar Ministry of Foreign Affairs Press Release

 

 The Government of the Republic of the Union of Myanmar
Ministry of Foreign Affairs
Press Release 

The Government of the Republic of the Union of Myanmar welcomes the European Union decision on 22 April 2013, regarding the lifting of all economic sanctions on Myanmar.
The EU has enthusiastically supported the wide-ranging reform efforts of the Government of Myanmar, and as an initial gesture of its support for that reform, the EU, on 14 May 2012, suspended most of the sanctions it had previously imposed upon Myanmar for a period of one year.
The Government believes that this decision will be greatly beneficial to the Myanmar people who have demonstrated their strong determination to achieve democratic reforms and have been actively supporting the Government’s reform process during the last two years.
The lifting of all economic sanctions on Myanmar will encourage and engender a far stronger Myanmar-EU relationship and will facilitate a deeper and wider bilateral cooperation.

Ministry of Foreign Affairs
Nay Pyi Taw
23 April 2013


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော ပြုပြင်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို စိတ်အားထက်သန်စွာ ထောက်ခံအားပေးလျက်ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင်ကန့်သတ်မှု အများစုကို တစ်နှစ် ဆိုင်းငံ့ထားခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂)နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို တက်ကြွစွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကို များစွာအကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။
ဥရောပသမဂ္ဂဘက်မှ စီးပွားရေး ပိတ်ပင်ကန့်သတ်မှုများ အားလုံးကို ရုုပ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့်အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.