Business Opportunities Embassy Of The Republic Of The Republic Of The Union Of Myanmar, Ottawa ( Canada ) https://meottawa.org/index.php/business-opportunitie/94-meottawa Mon, 06 May 2024 04:58:04 +0000 en-gb ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)သံရုံးအကြီးအကဲများနှင့် အိန္ဒိယသံအမတ်ကြီးတို့၏အလုပ်သဘောညစာစားပွဲ လက်ခံကျင်းပ https://meottawa.org/index.php/2024-04-08-03-22-46 https://meottawa.org/index.php/2024-04-08-03-22-46

(၂၂-၃-၂၀၂၄ ရက်၊ အော်တာဝါမြို့)
အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၁၉၀၀ နာရီတွင် အော်တာဝါမြို့၊ Fairmont Chateau Laurier ဟိုတယ်ရှိ Executive Boardroom ခန်းမ၌ အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများနှင့် ကနေဒါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Sanjay Kumar Verma တို့၏ အလုပ်သဘော ညစာစားပွဲကို လက်ခံကျင်းပခဲ့ပါသည်။
အလုပ်သဘောညစာစားပွဲတွင် မြန်မာသံအမတ်ကြီးက အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (CSP) အဆင့်သို့ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ရေကြောင်း(Maritime) နှင့် ပေါင်းစပ်ဆက်သွယ်ရေး(Connectivity) ကဏ္ဍ များအပါအဝင် အင်ဒို-ပစိဖိတ်ဆိုင်ရာအာဆီယံ၏သဘောထားအမြင် (ASEAN Outlook on the Indo-Pacific) ၏ ဉီးစားပေးနယ်ပယ်များအောက်မှ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယအနေဖြင့် အာဆီယံ၏အချက်အခြာကျမှုကိုအလေးထားလျက် ဆွေနွေးဖက်ဆက်ဆံရေးမူဘောင်အောက်မှ သာမက အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS) နှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) ကဲ့သို့ သော အာဆီယံဉီးဆောင်သည့်ယန္တယားများအောက်မှလည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အာဆီယံ သံအမတ်ကြီးများနှင့် အိန္ဒိယသံအမတ်ကြီးတို့က ပေါင်းစပ်ဆက်သွယ်ရေး၊ ပင်လယ်ရေကြောင်း၊ ပညာရေး၊ ဆိုက်ဘာလုံခြုံရေး၊ ညာဏ်ရည်တု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ဆက်သွယ်ရေးနည်းပညာ၊ ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အစရှိသည့်နယ်ပယ်များတွင် အာဆီယံနှင့်အိန္ဒိယ အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့်အခွင့်အလမ်းများနှင့် အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

20240408-09

20240408-09

20240408-09

]]>
[email protected] (Super User) meottawa Mon, 08 Apr 2024 08:14:58 +0000
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲ လက်ခံကျင်းပ https://meottawa.org/index.php/2024-04-08-03-21-55 https://meottawa.org/index.php/2024-04-08-03-21-55

(၇-၂-၂၀၂၄ ရက်၊ အော်တာဝါမြို့)

အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးကို အာဆီယံကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ ၁၀၃၀ နာရီတွင် Royal Ottawa Golf Club ရှိ Founders ခန်းမ၌ လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကော်မတီလုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီးက အစည်းအဝေးသဘာပတိ အဖြစ်ဆောင်ရွက်ပြီး၊ အစည်းအဝေးတွင် မြန်မာသံရုံးက (၂၅-၁-၂၀၂၄)ရက်နေ့၌ လက်ခံကျင်းပသည့် ကော်မတီလုပ်ငန်းအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများအပြင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများမှသံအမတ်ကြီး များနှင့် အလုပ်သဘောနေ့လယ်စာစားပွဲများ ကျင်းပပြုလုပ်ရေးကိစ္စအပါအဝင် မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ လက်ခံသည့်နိုင်ငံ၌ အာဆီယံ၏
အကျိုးစီးပွားနှင့် အာဆီယံ၏ပုံရိပ်တို့ကို ပိုမိုတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကနေဒါနိုင်ငံတို့အကြား အပြန်အလှန်လည်ပတ် ရန်ရှိသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၏ခရီးစဉ်များ စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းနှင့် အစည်းအဝေးအပြီးတွင် အာဆီယံကော်မတီ(အော်တာဝါ)၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

20240408-01

20240408-01

20240408-01

]]>
[email protected] (Super User) meottawa Mon, 08 Apr 2024 08:05:05 +0000
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံ https://meottawa.org/index.php/mr-sajjad-mohammad-sajid https://meottawa.org/index.php/mr-sajjad-mohammad-sajid

(၅-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေး နှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီပေးရေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs

(5-2-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA), at 10:30 hrs on 5 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the facilitation for the provision of humanitarian assistance to the needy people in hard- to-reach areas and ways and means for cooperation between the Government of Myanmar and United Nations agencies in the field of humanitarian assistance.
Also present at the meeting were the senior officials from the Ministry of Foreign Affairs, Ms. Danielle Parry and Ms. Kyoko Ono, Deputy Heads of Office for UNOCHA.

20240404-27

20240404-27

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 10:01:10 +0000
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ https://meottawa.org/index.php/ms-noriko-takagi https://meottawa.org/index.php/ms-noriko-takagi

(၆-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

****************************

U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar

(6-2-2024, Nay Pyi Taw)
U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar, at 11:00 hrs on 6 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to UNHCR’s ongoing activities in Myanmar as well as ways and means for further cooperation between the Government of Myanmar and the UNHCR.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

20240404-25

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:56:38 +0000
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ https://meottawa.org/index.php/ms-elena-ajmone-sessera-510 https://meottawa.org/index.php/ms-elena-ajmone-sessera-510

(၆-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အပါအဝင် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***********************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross

(6-2-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (ICRC), at 10:00 hrs on 6 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to ICRC’s activities including the provision of humanitarian assistance in Myanmar.
Also present at the meeting were the senior officials from the Ministry of Foreign Affairs and Mr. Christophe Ami Leon Taramarcaz, Deputy Resident Representative of ICRC.

20240404-23

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:53:58 +0000
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ထိုင်းသံအမတ်ကြီးအား လက်ခံတွေ့ဆုံ https://meottawa.org/index.php/2024-04-04-05-32-40 https://meottawa.org/index.php/2024-04-04-05-32-40

(၂၅-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

************************

Deputy Prime Minister and Union Minister for Foreign Affairs receives Thai Ambassador to Myanmar

(25-1-2024, Nay Pyi Taw)

H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Mongkol Visitstump, Ambassador Extraordinary and Plenipotentiary of the Kingdom of Thailand to the Republic of the Union of Myanmar at 13:00 p.m. on 25 January 2024 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, both sides closely discussed matters related to peace and stability in the border region including enhancement of bilateral relationship and mutually beneficial cooperation between Myanmar and Thailand.

20240404-20

20240404-20

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:50:16 +0000
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ https://meottawa.org/index.php/2024-04-04-05-31-34 https://meottawa.org/index.php/2024-04-04-05-31-34

(၂၅-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**********************

Deputy Prime Minister and Union Minister for Foreign Affairs receives the Chinese Ambassador to Myanmar

(25-1-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar, on 25 January 2024 at 1000 hrs at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, they cordially discussed the matters pertaining to the further consolidation of the existing Pauk-Phaw relations and expansion of cooperation between Myanmar and China, continued implementation of Myanmar-China bilateral projects, maintenance of peace and stability along the border areas between Myanmar and China as well as closer collaboration under the regional and multilateral frameworks.

20240404-19

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:47:04 +0000
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေး မှူးဖြစ်သူ Mr. Marcoluigi Corsi အား လက်ခံတွေ့ဆုံ https://meottawa.org/index.php/mr-marcoluigi-corsi https://meottawa.org/index.php/mr-marcoluigi-corsi

(၂၄-၁-၂၀၂၄ ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Marcoluigi Corsi အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၊ ၁၄၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

U Lwin Oo, Deputy Minister for Foreign Affairs receives Mr. Marcoluigi Corsi, UN Resident and Humanitarian Coordinator a.i. (UN RC/HC a.i.)

(24-1-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs received Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (UN RC/HC a.i.) at 1400 hrs on 24 January 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed the ways and means for further cooperation between the Government of Myanmar and the United Nations agencies.

20240404-16

20240404-16

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:38:57 +0000
ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက် https://meottawa.org/index.php/2024-04-04-05-29-48 https://meottawa.org/index.php/2024-04-04-05-29-48

(၂၁-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ အိမ်ရှင် ယူဂန်ဒါသမ္မတ နိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉-၂၀ ရက်များတွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး သို့ ပါဝင်တက်ရောက်ခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနား ကို ရန်ဇိုရီ ကွန်ဗင်းရှင်းစင်တာ၌ ၁၉-၁-၂ဝ၂၄ ရက်တွင် ကျင်းပခဲ့ရာ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jeyhun Bayramov က ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် ယူဂန်ဒါသမ္မတ Mr. Yoweri Kaguta Museveni အား ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်နိုင်ငံများအားလုံးက တစ်ခဲနက် ရွေးကောက် တင်မြှောက်ခဲ့ကြပြီး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်အား အဇာဘိုင်ဂျန်နိုင်ငံက ယူဂန်ဒါနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
ဆက်လက်၍ ဂျီ ၇၇ နှင့် တရုတ်အုပ်စု (G-77 and China) လက်ရှိဥက္ကဋ္ဌ ကျူးဘားနိုင်ငံ ဒုတိယသမ္မတ၊ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) သဘာပတိ နှင့် အာဖရိကသမဂ္ဂ (African Union) ကော်မရှင်ဥက္ကဋ္ဌ တို့ကလည်း မိန့်ခွန်းများ အသီးသီး ပါဝင်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉-၂၀ ရက်များတွင် ကျင်းပခဲ့သော ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း (၈၀) ကျော် မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကာ မိန့်ခွန်းများ အသီးသီး ပါဝင်ပြောကြားခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀-၁-၂ဝ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီးက ယခုကဲ့သို့ အရေးပါ သည့် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် ယူဂန်ဒါအစိုးရနှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် (၄) နှစ်တာကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့် အဇာ ဘိုင်ဂျန်နိုင်ငံကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝမှုများ မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး” သည် ယနေ့ကမ္ဘာ၏ လက်ရှိအခြေအနေများအပေါ် ထင်ဟပ်မှုရှိသဖြင့် အထူးသင့်လျော် ပါကြောင်း၊ မိမိတို့ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲ ခက်ခဲမှုများ အားလုံးကို ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ထိတွေ့ဆက်ဆံမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါ ကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့် ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာ ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံး ညီညွတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင် ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ အနေဖြင့် များပြားလှသည့် ကမ္ဘာ့ရေးရာများနှင့်စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အဓိကသက်ဆိုင်သည့် အခန်းကဏ္ဍမှ ဆက်လက်ရပ်တည်နိုင်စေရေး မျှော်လင့်ပါ ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး သည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကိုလည်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
အိမ်ရှင် ယူဂန်ဒါသမ္မတ နှင့် ဇနီးတို့က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များကို ၁၉-၁-၂၀၂၄ ရက် ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ သည်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ “တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး” ကို ၂၁-၁-၂ဝ၂၄ ရက်မှစတင်၍ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိရာ၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ပါဝင် တက်ရောက်လျက်ရှိသည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပါသည်။ ယခု ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ တောင်ဆူဒန်နိုင်ငံ ကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရာ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၁) နိုင်ငံ ရှိလာပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attends 19th Summit of the Non-Aligned Movement (NAM) in Kampala, Uganda

(21-1-2024, Nay Pyi Taw)

At the official invitation of the Republic of Uganda, the host of the 19th Summit of the Non-Aligned Movement (NAM), the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe participated in the 19th Summit of the NAM which was held on 19-20 January 2024 in Kampala, Uganda.
The Opening Ceremony of the 19th Summit of the NAM was held at the Rwenzori Convention Centre on 19 January 2024 and Welcome Remarks was delivered by Mr. Jeyhun Bayramov, Minister of Foreign Affairs and Head of Delegation of Azerbaijan and current Chair of the NAM.
Then, Mr. Yoweri Kaguta Museveni, the President of Uganda was elected by acclamation by all NAM Member Countries as the Chair of the 19th Summit of the NAM and Azerbaijan handed over the Chairmanship of NAM to Uganda.
The Vice President of Cuba and the Current Chair of the G-77 and China, the President of the 78th Session of the UN General Assembly and the Chair of the African Union Commission also delivered their Remarks respectively.
The Heads of Delegation of more than (80) countries attended the 19th Summit of the NAM which was held on 19-20 January 2024 and delivered their country statements.
In the afternoon of 20 January 2024, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe delivered a statement at the Plenary Session of the 19th Summit of the NAM. In his statement, the Deputy Prime Minister and Union Minister for Foreign Affairs expressed his sincere thanks to the Government and the people of Uganda for hosting this important Summit and he congratulated Azerbaijan for the successful Chairmanship for the past four years. The Deputy Prime Minister added that the theme of this Summit “Deepening Cooperation for Shared Global Affluence” is timely and most relevant to current global situations. He mentioned Myanmar’s conviction that cooperation, engagement and solidarity among the NAM members can overcome challenges and complexities that we are facing today. Having witnessed that our world is facing unprecedented challenges, he stressed the need for NAM to be more united to practically address the global issues of concern, conflicts and competition between great powers. The Deputy Prime Minister also highlighted that as a founding member of NAM, Myanmar wishes NAM to remain as the most relevant platform for developing Countries for addressing numerous global issues and challenges. In his statement, the Deputy Prime Minister and Union Minister for Foreign Affairs also apprised the Meeting of the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar.
In the evening of 19 January 2024, the President and the First Lady of Uganda hosted a State Dinner in honor of Heads of Delegation of NAM Member Countries.
The Third South Summit of the Group of 77 and China is being held in Kampala from 21 January 2024 and Myanmar delegation led by U Myint Lwin, Myanmar Ambassador to Egypt is attending the said Summit.
The Non-Aligned Movement (NAM) is a forum which was founded in 1961 with the view to advancing interests of developing countries. At the 19th Summit of the Non-Aligned Movement (NAM), the South Sudan was admitted as the newest member of the NAM. Therefore, 121 countries are now members to the NAM. Myanmar is a founding member of the Non-Aligned Movement.

20240404-12

20240404-12

20240404-12

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:34:02 +0000
ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကာလအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာရပ်စော်ဘွားများပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Min https://meottawa.org/index.php/minister-of-state-mr-khalifa-shaheen-almarar-dr-hasan-mahmud-mp-minister-of-state-hon-john-mulimba https://meottawa.org/index.php/minister-of-state-mr-khalifa-shaheen-almarar-dr-hasan-mahmud-mp-minister-of-state-hon-john-mulimba

(၂၁-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် အာရပ် စော်ဘွားများပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar နှင့် ၁၉-၁-၂၀၂၄ ရက်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့် ၂၀-၁-၂၀၂၄ ရက်တွင်လည်းကောင်း ရန်ဇိုရီ ကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ သည်။
ထို့သို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-အာရပ်စော်ဘွားများပြည်ထောင်စု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ-ယူဂန်ဒါ တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe met with Mr. Khalifa Shaheen Almarar, Minister of State and Head of Delegation of the United Arab Emirates, Dr. Hasan Mahmud, MP, Foreign Minister of Bangladesh and Hon. John Mulimba, Minister of State for Foreign Affairs of Uganda during the 19th Summit of the Non-Aligned Movement (NAM) in Kampala, Uganda

(21-1- 2024, Nay Pyi Taw)

On the sidelines of the 19th Summit of the Non-Aligned Movement (NAM) held in Kampala, Uganda, U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs met Mr. Khalifa Shaheen Almarar, Minister of State for Foreign Affairs and Head of Delegation of the United Arab Emirates on 19 January 2024, Dr. Hasan Mahmud, MP, Foreign Minister of Bangladesh and Hon. John Mulimba, Minister of State for Foreign Affairs of Uganda on 20 January 2024 respectively at the Rwenzori Convention Centre.
During the separate meetings with United Arab Emirates (UAE), Bangladesh and Uganda, the Deputy Prime Minister and Union Minister for Foreign Affairs of Myanmar apprised them of the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar. Furthermore, they cordially exchanged views and discussed on matters pertaining to further strengthening of friendly relations between Myanmar-UAE, Myanmar-Bangladesh and Myanmar-Uganda as well as closer collaboration in the regional and international fora including cooperation in the NAM

20240404-05

20240404-05

20240404-05

20240404-05

20240404-05

20240404-05

]]>
[email protected] (Super User) meottawa Thu, 04 Apr 2024 09:28:27 +0000